Friday, September 19, 2008

မြန်မာပြည်ကလျှပ်စစ်


အခုမြင်နေရတဲ့ပုံကတော့ လွန်ခဲ့တဲ့သုံးလေးလက မြို့တော်ဥယျာဉ်သွားရင်းအမှတ်မထင်
ရရှိလိုက်တဲ့ပုံလေးပါ။ ရေလွှာမိကျောင်းစီးရင်း မီးပျက်သွားလို့ထိပ်ဆုံးမှာတန်းလန်းကြီး
ဖြစ်နေတ်ာကို ၀န်ထမ်းများကသွားရောက်ကယ်တင်နေရတဲ့မြင်ကွင်းပါ။ လွန်ခဲ့တဲ့နှစ်များ
အနည်းက ရန်ကုန်မှာကောလဟာလဖြစ်လိုက်ပါသေးတယ်။ ဂျာနယ်အချို့မှာတောင် ပါ
လိုက်ပါသေးတယ်။ ရန်ကုန်မှာမြေအောက်ရထားဆောက်မလို့တဲ့။ မြေအောက်ရထားဆို
တဲ့အရာကလည်း လျှပ်စစ်နဲ့ပြေးရတာဆိုတော့ မတော်မဆမြေအောက်လှိုဏ်ခေါင်းထဲ
ရထားမောင်းနေတုန်း မီးပြတ်မှ ကနောင်တို့ရွှေမြန်မာတွေဒုက္ခရောက်ရင်အခက်။
ကနောင်တို့ရွှေနိုင်ငံကြီးကလည်း အရေးကြီးပါတယ်ဆိုတဲ့ဆေးရုံတွေတောင် မီးကမှန်ချင်
တာမို့တွေးမိတိုင်းကြက်သိန်းထမိပါရဲ့ရွှေမြန်မာတို့ရေ.................

Thursday, September 18, 2008

မန္တလေးကအနုကြမ်းစီးမှု

လွန်ခဲ့သည့်ရက်ပိုင်းအတွင်း မန္တလေးမြို့ ဘုရားကြီးဘက်တွင် အနုကြမ်းစီးမှုဖြစ်
ပွားခဲ့သည်။ အနုကြမ်းအစီးခံရသူမှာ မန္တလေးမြို့၏ နာမည်ကြီးကျောင်းဖြစ်သော
အထက(၈)ကျောင်းအုပ်ကြီးဟောင်း ဒေါ်ခင်ရီသော်ဖြစ်သည်။ ဖြစ်ပွားပုံမှာဒေါ်ခင်
ရီ သော်၏တူများနေ့ခင်းဘက်အိမ်တွင်မရှိခိုက် အသက်(၃၀)၀န်းကျင်ရှိ လူငယ်
တစ်ဦးဝင်ရောက်လာကာ ဒေါ်ခင်ရီသော်အား ဓားဖြင့်ထောက်ကာ အလေးချိန်
(၂)ကျပ်ခွဲသားခန့်ရှိသောလက်ကောက်အား ချွတ်ယူထွက်ပြေးသွားခြင်း ဖြစ်
သည်။ ထိုကျောင်းအုပ်ဆရာမကြီးဟောင်း ဒေါ်ခင်ရီသော်မှာ တစ်ချိန်က(BBC)
မှ အဂတိလိုက်စားခြင်းနှင့် ပတ်သတ်၍ သတင်းလွှင့်ခြင်းခံရသော ဆိုးသွမ်းဝန်
ထမ်းဖြစ်ကြောင်း ကျောင်းသူဟောင်းတစ်ယောက်မှ ပြောပြသည်။ ပြည်သူများ
ထံမှ မတရားသောနည်းလမ်းဖြင့် ရယူထားသောပိုက်ဆံများ မတရားသောနည်း
လမ်းဖြင့် လုယက်ခြင်းခံရခြင်းမှာ သံဝေဂရဖွယ်ဖြစ်ပါသည်။

Monday, August 25, 2008

မန္တလေးကလုံထိန်းများ

ကျွန်တော်ဒီနေ့ကိုဖိုးတရုပ်ကြီးရဲ့ Post တစ်ခုကိုဖတ်လိုက်ရပါတယ်။ စက်တင်ဘာ
ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အတွက်ကြောက်လန့်နေတဲ့ လုံထိန်းကား
များရဲ့ပုံပါ။ ယခုလည်းမန္တလေးမှာအလားတူဖြစ်ရပ်မျိုးဖြစ်ပျက်နေပါတယ်။ နေရာ
ကတော့ လမ်း(၈၀)၊ ၃၄ x ၃၅လမ်း ကြား မန္တလေးတက္ကသိုလ် (ယခင် လဖုန်း
ကျောင်းဝင်း) ထဲမှာတရုပ်လုပ်လုံထိန်းကား(၁၀)စီးဝန်းကျင်ခန့်နှင့်ရဲသားများ (၂၄)
နာရီ အချိန်ပြည့် တပ်စွဲထားပါတယ်။ ဒီတပ်ဟာလွန်ခဲ့တဲ့တစ်လ၀န်းကျင်ခန့်
ကတည်းက တပ်စွဲထားတာပါ။ နေရာဟာမန္တလေးမြို့ရဲ့ဘုန်းကြီးကျောင်းအများဆုံး
ရှိရာ ဘုရားကြီးနှင့်အနီးဆုံးနေရာတွင်ရှိပါ တယ်။ ကင်မရာ
ရိုက်ရန် ကင်မရာရဲ့
zoom အခက်အခဲ၊ရိုက်ကူးရန်နေရာ(ဂိတ်ပေါက်ဝတွင် အစောင့်များရှိနေသော
ကြောင့်) မလွယ်သောကြာင့် တောင်းပန်အပ်ပါသည်ခင်ဗျား။



SmileyCentral.com

Wednesday, July 30, 2008

မန္တလေးက(ရရက)ဖဲသမားများ

လွန်ခဲ့တဲ့နှစ်ပတ်သုံးပတ်လောက်က blog စာမျက်နှာတစ်ခုမှာ စမ်းချောင်းမြို့နယ်
ဥက္ကဌကိုယ်တိုင်ဖဲရိုက်လို့အဖမ်းခံလိုက်ရတဲ့အကြောင်း ဖတ်လိုက်ရပါတယ်။ အခု
လည်းအလားတူဖြစ်ရပ်မျိုးမန္တလေးမှာပေါ်ပေါက်နေပါတယ်။ နေရာကတော့
အောင်မြေသာဇံမြို့နယ်(အမရဌာနီအနောက်ရပ်ကွက်ကြီး) ရှိ(ရရက)ရုံးမှာပါ။
ရုံးအရှေ့ဝန်းကျင်ရှိဆိုင်းဘုတ်လုပ်သော လူပါ ၀င်ရောက်ကစားရာမှလင်မယား
ချင်းရန်ဖြစ်ပြီး မိန်းမကတိုင်မည်ပြုရာ သူတို့အလုပ်ပြုတ်မည်စိုးကာ ထိုမိန်းမကို
မတိုင်ရန်ခြိမ်းခြောက်ထားကြောင်း ရုံးပတ်ဝန်းကျင်အနီးတစ်ဝိုက်မှလာသော

သတင်းများအရသိရှိရသည်။

SmileyCentral.com

Saturday, July 12, 2008

ဘ၀များစွာနဲ့ရင်းရတဲ့တံတားများ

ကိုလိုနိခေတ်စစ်ကိုင်းတံတား

နအဖ စစ်ကိုင်းတံတား

စစ်ကိုင်းတံတားကို ဆုံးအောင်စစ်ပြန်တော့ - သုံးထောင်နဲ့ ရှစ်ရာ့ငါးဆယ်

ပေ xxxxx မီးရထားလမ်း အကျယ်အ၀န်းအနေမှာ တစ်ဆယ်နဲ့လေးပေ မပိုမစောင်း--

(မော်တော်ကားလမ်းက အမြှောင်စွယ်ကာရယ်) ------ အတောင်နှစ်ဆယ်သာသာ

လူသွားလမ်း ခုနှစ်ပေတား ---------

အုတ်တံတိုင်းကြီးတွေက အကွက်အသွား မြိုင်သည်။ ဟောဟို ----------

အုတ်တံတိုင်းကြီးတွေက အကွက်အသွားမြိုင်လှပါသည် xxxxx တစ်ဆယ်နဲ့ငါးတိုင်

တန်းစဉ်ထားပါလို့ ရုံးပေါင်းနှစ်ဆယ်လမ်းတွင် ထားပါလို့ အခန်းတစ်ဒါဇင်အား

ရှိပေသည် -------

ကုန်ကျငွေတွင် ခုနေကိန်းမှန်တော့ တစ်ကုဋေနှင့် ငါးသန်းကျော်ပေသည်--

ရေမှအမြင့်ကြွေးကြော်ပြန်လျှင် ----- သြော် ------- ရေမှအမြင့် ကြွေးကြော်ပြန်လျှင်

လေးဆယ်ကျော် ငါးပေစွန်းပါလို့ တံတားအညွှန်း ရေးခဲ့ပါသည်။ တေးဖွဲ့စာစီ ------

ထပါနော် ------ မရာကျော် ဂဟေဆက်လို့ ရွှေကြက်ယက် ဘုရားဖူးပြီးတော့

စစ်ကိုင်းတံတားထူးကြမည်။

မေကညာ ရွှေညာသူတွေ ပုသိမ်ထီးနဲ့ စိန်ဘီးနဲ့ သနပ်ခါးလူးပြီးတော့

စစ်ကိုင်းတံတားကူးကြမည်။

နေညိုညိုငယ်ရီ - ရွှေဘိုသူတွေလာပြန်ပြီ တံတားထိပ်မှာ ထမင်းချက်လို့

ဟင်းရွက်ကလေးလည်း သွားခူးမည်။

တံတားဆက်ပြီးပြီ သွားမည့်ခရီးသည် ငှက်သမ္ဗာန်ကူးတို့ဆိပ်က ပို့ကြ

ရှာသည်။

အခုများတလီ ------------- ဗမာလူမျိုးတွေ အလုပ်မရှိတော့ တံတာကြီးကို

ကြည့်ကာ ငိုမိသည်။ ငိုမိပါသည်။

မြန်မာပြန် အဆန်းပေါ်သရွှေ့ နန်းတော်ရှေ့စီရေးသည်။

ကံဆုံ ရန်ကုန်မြို့က ကြည့်ရန်လာပြန်သည်။ သတင်းမြစကား အင်းဝ

တံတားလို့ နှုတ်ဖျားအောင်လံချီတဲ့ခင်ဗျာ့။

တေးရေး-နန်းတော်ရှေ့ဆရာတင်

အပေါ်ကသီချင်းကတော့ နန်းတော်ရှေ့ဆရာတင်ရေးသားခဲ့တဲ့ဂန္ဓ၀င်သီချင်း

ကြီးတစ်ပုဒ်ပါ။ မြန်မာပြည်ရဲ့ပထမဆုံးတံတား(သံဘောင်တံတား)နှင့်ပတ်သတ်၍ရေးဖွဲ့

ထားတဲ့သီချင်းတစ်ပုဒ်ဖြစ်မယ်ထင်ပါတယ်။ ရှေ့မှီနောက်မှီ ပညာရှင်တစ်ဦးကရှာဖွေပေး

လိုက်တဲ့ ရှားရှားပါးပါးသီချင်းလေးတစ်ပုဒ်ပါ။ ဒီသီချင်းမှာ တံတားကြီးပြီးကာစ မြင်ကွင်း

ကိုပီပီပြင်ပြင်ရေးဖွဲ့ထားပါတယ်။ တံတားကြီးရဲ့ အရွယ်အစား ကိုတိတိကျကျရေးဖွဲ့

ထားတအပြင် ကိုလိုနီခေတ်ရဲ့ တံတားပတ်ဝန်းကျင်ရှိလူမှုဝန်းကျင် အစုံကိုလည်း ရေးဖွဲ့

ထားပါတယ်။ ယခုခေတ် နအဖတေးရေးဆရာများဖြစ်ကြသည့် ဟင်္သာတမြင့်ငွေ။

အကော်ဒီယံအုန်းကျော်(ပေါင်းစား တောင်းစား)တေးရေးဆရာများ၏ စာသားများနှင့်

ယှဉ်လျှင်အပြတ်အသတ်ကွာခြားမှန်း ဖတ်ကြည့်ရုံနှင့်သိသာသည်။ နန်းတော်ရှေ့

ဆရာတင်သာ ယခုအထိများရှိနေသေးလျှင် နအဖ အဖွဲ့တံတားဆောက်လို့ အိမ်

အရွှေ့ခံရ ဘ၀တွေပျက်၊စီးပွားတွေပျက်နှင့်ဒုက္ခအခက်အခဲများရင်ဆိုင်နေရတဲ့

ရွှေဗမာများရဲ့အကြောင်းကို ဘယ်လောက်များရေးဖွဲ့နေမယ်မသိပါဘူး။